ကိုယ်စိုက်တဲ့ အပင်ကို
ကိုယ်ပြန်ရိတ်သိမ်းရတတ်သတဲ့…
ဒါပေမယ့်
အချစ်တွေနဲ့ ပျိုးခဲ့သမျှ
ငါ့ရင်ခွင်အနှံ့မှာ
အလွမ်းတွေပဲ သည်းသည်းလှုပ်
ဝေဆာဖူးပွင့်လို့...
တဘ၀လုံးစာ လွဲခဲ့တော့လဲ
ဘာများတတ်နိုင်ဦးမှာလဲကွယ်…
‘ချစ်သူ’ ဆိုတဲ့ ဝေါဟာရ
နှလုံးသားမှာ ထာဝရသိမ်းထားလိုက်ရုံပေါ့..
ငါ လွမ်းနေကြောင်း နင် သိစရာမလိုပါဘူး
ဘာတွေနဲ့မှ နှိုင်းမပြဘူး
နင်ဟာ ငါ့အတွက်
ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ်ဖြစ်ကြောင်းကို..
ဘယ်တော့မှလဲ ပြောမပြဘူး
ကြယ်တစ်စင်း ရှိနေရုံနဲ့
ငါ့ကောင်းကင်က လင်းနေပြီးသားဆိုတာကို..
မပြောဘဲကြားတဲ့ ဘာသာစကား
နင် မခံစားတတ်ခဲ့တော့လဲ
ပြန်မဆုံနိုင်တဲ့ လမ်းထက်
ငါတို့ ကိုယ်စီခရီးဆက်လို့..
နင့်အပြုံးလက်လက်လေးကိုတော့
ညတရေးနိုးချိန်မှာတောင်
တချိန်ကလို
ယောင်ယမ်း လွမ်းနေဆဲပါ ချစ်သူရယ်...။
Wednesday, 19 August 2009
Subscribe to:
Post Comments (Atom)
2 comments:
အလွမ်းတွေ လက်လက်ထနေတဲ့ညမှာ
ဘ၀အနွမ်းတွေကတစ်စစီပြန့်ကျဲခြင်းဆို
အမှောင်ထုကြားက လင်းစက်အောက်မှာ
ယောင်တောင်တောင်နဲ့ စိတ်တွေ
ကယောင်ခြောက်ခြားကို ဖြစ်လို့ ..။
အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ ..။
ခင်မင်စွာ
idulize (အရုပ်ကလေး)
အချစ်ဆိုတာ သေရာပါတဲ့ ဒဏ်ရာမဲ့ အနာပဲ ဆိုပါစို့...။
Post a Comment