Showing posts with label ရသအက်ဆေး. Show all posts
Showing posts with label ရသအက်ဆေး. Show all posts

Saturday, 22 August 2009

အိပ်မက်မြို့တော်

ဟိုး… ဝေးဝေးမှာ မြို့တော်လေးတစ်ခုရှိတယ်…


ချစ်ခြင်းမေတ္တာတရားတွေနဲ့ ငြိမ်းချမ်းသာယာတဲ့ မြို့တော်လေး…


မနာလိုမှုတွေ၊ အာဃာတတွေ၊ အညှိုးတွေ၊ အမုန်းတွေရဲ့ အပြင်ဘက်က နေရာလေး…


အဲဒီမှာ ဟန်ဆောင်အပြုံးတွေနဲ့ အပေါ်ယံသကာဖုံးထားတဲ့သူတွေ မရှိဘူး…


အပြောချိုချိုလေးတွေနဲ့ နောက်ကျောကို ဓါးနဲ့ထိုးသွားမယ်သူတွေလဲ မရှိကြဘူး…


အားလုံးဟာ အဖြူရောင် ပကတိနဲ့ ရိုးသားရှင်းသန့်လို့…


လေပြည်သွဲ့သွဲ့ထဲမှာ ပန်းရနံ့လေးတွေ သင်းသင်းမွှေးပျံ့လို့…


ပန်းကလေးတွေ အချိန်မတိုင်ခင်ကြွေအောင် ခြွေပစ်မယ့် ပန်းခြွေမုဆိုးတွေရဲ့ ဘေးရန်ကိုလဲ ကြောက်စရာ မလိုဘူး…


တစ်ဦးအပေါ်တစ်ဦး အုပ်စုဖွဲ့ အနိုင်ယူ ညှဉ်းပန်းတာမျိုးလဲ မလုပ်ကြဘူး…


အာဏာတွေ၊ ပါဝါတွေဆိုတာ ဒီမြို့လေးအတွက် သုံးစရာမလိုတဲ့ အပိုစကားလုံးတွေပါ…


အဲဒီလို လွတ်လပ်အေးချမ်းတဲ့ မြို့တော်လေးမှာ သူမကို ပိုပြီး ပျော်မွေ့စေတာကတော့ ‘သူ’ ပါပဲ…


သူမတို့နှစ်ယောက်ရဲ့ မြို့တော်လေးကို သူက သစ္စာတရားတွေနဲ့ လုံခြုံနွေးထွေးအောင် အုပ်မိုးပေးထားပါတယ်…


သူဆိုညည်းပြတတ်တဲ့ သီချင်းသံစဉ်လေးတွေကလဲ မြို့တော်လေးထဲမှာ ရှင်သန်နေတဲ့ သူမရဲ့ နေ့ရက်တွေကို ပိုပြီး အသက်ဝင် စိုပြေစေတယ်…


ရာသီဥတု သာသာယာယာရှိတဲ့ ညနေခင်းတိုင်း မြို့တော်လေးရဲ့ လမ်းတွေထက်မှာ တစ်ယောက်လက် တစ်ယောက်တွဲလို့ ချစ်စကားတွေ သီဖွဲ့ဖြစ်ကြတယ်…


သူမတို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် တိုင်ပင်ဆွေးနွေးရင်း ရင်ခုန်သံတွေ တစ်နေ့ထက်တစ်နေ့ ပိုနီးစပ်လာခဲ့တယ်…


အေးချမ်းသာယာတဲ့ မြို့တော်လေးမှာ နူးညံ့သိမ်မွေ့စွာ ချစ်တတ်တဲ့ ချစ်သူနဲ့အတူ ဆုံတွေ့ချစ်ခွင့်ရတာ သူမ ကံကောင်းလွန်းလှပါတယ်…


အဲဒီလို အတွေးတွေနဲ့ ဟိုး… ဝေးဝေးကို လှမ်းငေးမိတော့……….


သူမရဲ့ မြို့တော်လေးက ဆောင်းနှင်းထုအောက်မှာ အရိပ်တစ်ခုအဖြစ်ေ၀၀ါးစွာနဲ့…. ။

 

ကြယ်မျှားသူရဲ့ စိတ်ကူးအိပ်မက် © 2008. Template Design By: SkinCorner