Thursday 10 September 2009

အလှဆုံး ဇာတ်လမ်းတစ်ပုဒ်

ဒီဇာတ်လမ်းလေးမှာ လွမ်းခန်းတွေတော့ ရှိခဲ့တယ်

ဒါပေမယ့် ကြမ်းခန်း ရမ်းခန်းတွေ မပါခဲ့ဘူး…

ဒီဇာတ်လမ်းလေးမှာ ငိုကြွေးခြင်းတွေ ရှိခဲ့တယ်

ဒါပေမယ့် ကျိန်စာတွေ မဆိုခဲ့ဘူး…

ဒီဇာတ်လမ်းလေးမှာ တမ်းတမှုတွေ ရှိခဲ့တယ်

ဒါပေမယ့် နာကျည်းခြင်းတွေ မထားခဲ့ဘူး…

ဒီဇာတ်လမ်းလေးမှာ မျှော်လင့်ခြင်းတွေ ရှိခဲ့တယ်

ဒါပေမယ့် ဖြားယောင်းမှုတွေ မလုပ်ခဲ့ဘူး…

ဒီဇာတ်လမ်းလေးမှာ ချစ်ခြင်းရနံ့တွေ သင်းပျံ့ခဲ့ဖူးတယ်

ဒါပေမယ့် အမုန်းဆိုတာ မလိုအပ်ခဲ့ဘူး…

ဒီဇာတ်လမ်းလေးမှာ သံယောဇဉ်တွေ ထားခဲ့တယ်

ဒါပေမယ့် နှောင်ကြိုးတွေတော့ မချည်ခဲ့ဘူး…

ဒီဇာတ်လမ်းလေးမှာ ပုံစံတမျိုးနဲ့ ခွဲခွာခြင်းတွေ ရှိခဲ့တယ်

ဒါပေမယ့် နှုတ်ဆက်တေးတွေ မဆိုခဲ့ဘူး…

အခုတော့ ဒီဇာတ်လမ်းလေးမှာ..

ဇာတ်ကောင်အသစ်တွေနဲ့အတူ

ချစ်ခြင်းတရားတွေ ထပ်မံမွေးဖွားလို့

အပြန်အလှန် နားလည်မှုတွေနဲ့

ပျော်စရာကမ္ဘာလေးတစ်ခုကို

တို့တွေ ဖန်တီးသွားကြမယ်..

နောင်လာမယ့် နှစ်ပေါင်းများစွာအထိ..

အမုန်းမဲ့ဇာတ်လမ်းတစ်ပုဒ် ရှင်သန်လှပနေစေသော်ဝ်…။

4 comments:

စိုင်းလောဝ်ပိန်း said...

အချစ်တွေနဲ့ ပျော်ရွှင်စရာ ကမ္ဘာလေးဖြစ်ပါစေဗျာ။

Anonymous said...

အခုတော့ ဒီဇာတ်လမ်းလေးမှာ..

ဇာတ်ကောင်အသစ်တွေနဲ့အတူ

ချစ်ခြင်းတရားတွေ ထပ်မံမွေးဖွားလို့

အပြန်အလှန် နားလည်မှုတွေနဲ့

ပျော်စရာကမ္ဘာလေးတစ်ခုကို

တို့တွေ ဖန်တီးသွားကြမယ်..

နောင်လာမယ့် နှစ်ပေါင်းများစွာအထိ..

အမုန်းမဲ့ဇာတ်လမ်းတစ်ပုဒ် ရှင်သန်လှပနေစေသော်ဝ်…။

ပျော်ရွင်နိုင်ပါစေ မမရေ ၀မ်းသာတယ်ဗျာ ဒီလိုလေးကြားရတာလေးက စိတ်ချမ်းသာလိုက်တာ ဟိဟိ

Anonymous said...

အယ်မှားသွားတယ် ညီလေးရေလို့ ခေါ်တာမှားပြီး မမရေလို့ ရေးမိတယ်ဟ ဆော်၇ီး ညီရေ

ဝေလေး said...

ဇာတ်ကောင်အသစ်တွေထဲမှာ သာမီးရောပါလား.. :P
မရောက်ဖြစ်တာကြာလို့ လာချောင်းတာ ဇာတ်လမ်းဆိုတော့လည်း ဝင်ပါချင်ပြန်ရော အဲလိုလေ ဟိုစပ်စု ဒီစပ်စုနဲ့ အဲကောင်မလေးက.. :D

အမုန်းမဲ့ဇာတ်လမ်း နှစ်ပေါင်းများစွာ ရှင်သန်ပါစေသော်ဝ်....

သံယောင်လိုက်သွားပါတယ်.. ;)

Post a Comment

 

ကြယ်မျှားသူရဲ့ စိတ်ကူးအိပ်မက် © 2008. Template Design By: SkinCorner