မောင်လေးရေ… ဒီရက်တွေဟာ မောင်လေးဘ၀မှာ အရမ်းကို ခက်ခဲပင်ပန်းမယ့် နေ့ရက်တွေဆိုတာ မကြီး သိပါတယ်။ ကင်ဆာ ဆိုတဲ့ အရိပ်မည်းကြီးအောက်မှာ နေ့ရက်တွေကို ဖြတ်သန်းရတာ ဘယ်လောက် ကြမ်းတမ်းမယ်ဆိုတာ သိထားတဲ့ ဆေးပညာ ဗဟုသုတ အနည်းအပါးနဲ့တင် နားလည် ခံစားပေးလို့ ရပါတယ်။ မောင်လေးအတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာလဲ မကြီး ခေါင်းထဲမှာ အမြဲတွေးနေမိတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဘာမှ ထိထိရောက်ရောက် လုပ်မပေးနိုင်သေးဘူးနော်..်။ အဲဒီအတွက် မကြီး အရမ်းဝမ်းနည်းနေမိတယ်။ ပြီးတော့ အခြေအနေအားလုံးကို သိနားလည်ထားတဲ့ မောင်လေးကို အပေါ်ယံစကားလုံးတွေနဲ့ အားပေးနှစ်သိမ့်ခြင်းဟာ အသုံးမ၀င်နိုင်ဘူးဆိုတာလဲ မကြီး သိထားတယ်။ အခုအချိန်မှာ မောင်လေးအတွက် အလိုအပ်ဆုံးက ရှေ့လာမယ့် နေ့ရက်တွေကို ဘယ်လိုနည်းနဲ့ အသက်သာဆုံးဖြစ်အောင် ဖြတ်သန်းသွားမလဲ၊ လက်ရှိအနေအထားကို အမှန်အတိုင်းလက်ခံပြီး လူ့ပတ်ဝန်းကျင်ကို ဘယ်လိုပြန်တိုးဝင်မလဲ ဆိုတာ မဟုတ်လား။ အဲဒီအတွက် မကြီး တတ်နိုင်သလောက် ကူညီပေးမယ်နော်…။ အဓိကက မောင်လေးကိုယ်တိုင် စိတ်ဓါတ်ကြံ့ခိုင်နေဖို့ပဲ လိုတာ… အားတင်းထားနော် မောင်လေး… ။
Showing posts with label မောင်လေးအတွက်. Show all posts
Showing posts with label မောင်လေးအတွက်. Show all posts
Monday, 24 August 2009
မောင်လေးအတွက် ( ၁ )
Labels:
မောင်လေးအတွက်
Subscribe to:
Posts (Atom)
