Saturday 15 August 2009

အစိမ်းရောင်ညနေ

အဲဒီညနေခင်းလေးပေါ့

ခြေသံခပ်ပြင်းပြင်းနဲ့

ငါ့နှလုံးသားပေါ်

ဖြတ်နင်းသွားတာ..

မသိမသာဆိုပေမယ့်

ရင်ထဲမှာ သိသိသာသာ

လစ်ဟာကျန်ရစ်ခဲ့တယ်…

`သွားတော့မယ်´ဆိုတဲ့

ခပ်တိုးတိုး နှုတ်ဆက်စကား

တသက်စာအတွက် ဆိုတာ

ကြိုသိခွင့်ရခဲ့ရင်

အပြုံးနဲ့ လက်ပြနိုင်ပါ့မလား…

အခုတော့..

အစိမ်းရောင်လွှမ်းတဲ့

အဆိပ်သင့် ညနေ

ငါ့ကို အကြိမ်ကြိမ် အခါခါ သေစေခဲ့ပြီ....။

0 comments:

Post a Comment

 

ကြယ်မျှားသူရဲ့ စိတ်ကူးအိပ်မက် © 2008. Template Design By: SkinCorner