Tuesday 18 August 2009

ချစ်ခြင်းနဲ့လင်းမယ့် နေ့ရက်

ရာသီပြောင်းခဲ့ပြီလား..
သေချာတာတော့
ရင်ခုန်သံတွေ မဟောင်းသေးဘူး…

ညနေစောင်းခဲ့တာတောင်
မနက်ခင်းတွေ
ရင်ထဲမှာ သစ်လွင်နေတုန်း…

မုန်တိုင်းထန်ခဲ့ပေမယ့်
နောက်တခါ လေပြေလာချိန်ကို
တမ်းတမျှော်လင့်ရင်း
ခပ်ကြမ်းကြမ်း လောကဓံကို
ငါ စိန်ခေါ်ခဲ့တယ်

ချစ်သူရေ…
ငါ့နေ့ရက်တွေ အမှောင်ကင်းစေဖို့
မင်းရဲ့ လက်အစုံနဲ့
အလင်းမှုန်တွေကို ကြဲဖြန့်ပေးလှည့်ပါကွယ့်..

ဘ၀ဟာ တိုက်ပွဲဆို
မင်းလက်ကို မြဲမြဲတွဲလို့
ရဲရင့်လိုက်ချင်စမ်းပါရဲ့… ။

2 comments:

လင်းဒီပ said...

ချစ်သူလက်ကိုတွဲ လောကအမှောင်လမ်းတွေထဲ ရဲရင့်ပါစေဗျာ

ဝေလေး said...

ကဗျာလေး မိုက်တယ် မမ။

" ငါ့နေ့ရက်တွေ အမှောင်ကင်းစေဖို့ မင်းရဲ့လက်အစုံနဲ့ အလင်းမှုန်တွေကို ကြဲဖြန့်ပေးလှည့်ပါကွယ့်..."

အလင်းမှုန်တွေကြဲဖြန့်ပေးနိုင်တဲ့ချစ်သူရဲ့လက်ကိုတွဲလို့ ဘဝကိုရင်ဆိုင်နိုင်ပါစေ.

Post a Comment

 

ကြယ်မျှားသူရဲ့ စိတ်ကူးအိပ်မက် © 2008. Template Design By: SkinCorner