Saturday 15 August 2009

တိမ်


လေနှင်ရာ အလိုက်သင့် လွင့်ပါး

ပုံသဏ္ဍာန် အမျိုးမျိုး ထွေပြား

မိုးသားကောင်းကင်ထက် ကျီစယ်ပြေးလွှား…

သူမို့ ငိုပြီဆိုရင်

ကိုယ်ပါ ကြေကွဲဝမ်းနည်းလို့..

သူ တောက်တောက်စားစား ၀င့်ကြွားချိန်ဆို

အကျည်းတန်သူများတောင် လှပသွားသတဲ့..

တရံတခါများမှာ

မိုးမြင့်တောင်ထိပ်ဖျားဆီ အရောက်သွား

( သူ့ကို ) ပွေ့ဖက်ဖမ်းဆုပ်ထားချင်မိတယ်..

စိတ်ထွက်ပေါက်မဲ့စွာ မွန်းကြပ်လာရင်တော့

သူနဲ့အတူ လိုက်ပါရွေ့လျား

ကိုယ်လဲ တိမ်စိုင်လေး ဖြစ်သွားဖူးရဲ့… ။

1 comments:

ဝေလေး said...

ကဗျာလေးဖတ်ပြီး တိမ်တွေကို စိတ်ကူးကြည့်နေမိတယ်။

Post a Comment

 

ကြယ်မျှားသူရဲ့ စိတ်ကူးအိပ်မက် © 2008. Template Design By: SkinCorner