Friday 14 August 2009

ကြယ်မျှားသူ

ကိုယ်ဟာ ကြယ်မျှားသူပါ…

ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်က ကြယ်လေးတစ်ပွင့် ကိုယ့်ရင်ဘတ်ထဲကို ကြွေသက်လာဖို့ပါပဲ…

မိုးကောင်းကင်ထက်မှာ တလက်လက် ၀င့်စားတောက်ကြွားနေတဲ့ ကြယ်စင်စုတွေထဲက သိပ်မမှိန်လွန်း ၊ မတောက်လွန်းတဲ့ ကြယ်လေးကို ကိုယ်ချစ်မက်နေခဲ့တယ်...

အဲဒါကြောင့် သန့်စင်ရိုးသားတဲ့ ချစ်ခြင်းတရားတွေနဲ့ ကိုယ်မျှားခဲ့တယ်…

မာယာများတဲ့ လောကကောင်းကင်ထက် မပျော်မွေ့ခဲ့ရင် ငြိမ်းမြအေးချမ်းတဲ့ ကိုယ့်နှလုံးသား ကောင်းကင်ထဲ တိတ်တဆိတ် ကြွေဆင်းခဲ့ပါ…

ကိုယ် ကတိပေးပါတယ်… နူးညံ့လှပတဲ့ အချစ်သံစဉ်တွေနဲ့ မင်းကို ကြည်နူးပျော်ရွှင်စေမယ်လို့…

ဒဏ်ရာအနာတရတွေနဲ့ လွင့်ကြွေလာဖို့တော့ ဆုမတောင်းပါဘူး…

တနေ့နေ့ တချိန်ချိန်ဆိုတဲ့ မျှော်လင့်ချက်သက်သက်နဲ့… ကိုယ်ဟာ ကြယ်မျှားနေသူပေါ့…

ချစ်သူ…

မင်းက ကိုယ် မြတ်နိုးရတဲ့ ကြယ်လေးပါပဲ … ။

0 comments:

Post a Comment

 

ကြယ်မျှားသူရဲ့ စိတ်ကူးအိပ်မက် © 2008. Template Design By: SkinCorner