မရေးဖြစ်တဲ့ ကဗျာ..
မပြောဖြစ်တဲ့ စကား..
မဆိုဖြစ်တဲ့ သီချင်း..
အားလုံးကို မေ့ထားရင်း….
ဟိုး…. ဝေးဝေးကို
မျှော်ကြည့်လိုက်တဲ့အခါ…...
ငါ့ရဲ့ကမ္ဘာမှာ
`လ´တစ်စင်းသာနေတာ တွေ့လိုက်တယ်… ။
ညအခါ လသာသာ ကစားမလား နားမလား...ငယ်ငယ်က ဆိုဖူးတဲ့ ကဗျာလေး သွားသတိရတယ်။ သာနေတဲ့လရောင်အောက်မှာ အတွေးတွေနဲ့ပဲ ဝေ့လည်နေတယ်ပေါ့လေ...
လ တစ်စင်းရှိနေတာ ၀မ်းသာစရာပဲဗျာ။ နောက်ဆို အထီးကျန်နေမှာ။
၁၂-ရက်စောင့်ပြီး လာဖတ်ရတဲ့ကဗျာ...ကမ္ဘာသစ်တဲ့ ကောင်းတာပဲ...အားပေးပါတယ် အားတဲ့အခါရေးပေါ့...
နဂါးချော့တေး
ကလူ ..... ကလူ လို့
ငါ့ကိုဘယ်သူချော့ရဲသလဲ
တကယ်တော့ ချော့တယ်ဆိုတာ
ပျော့ပြောင်းစေလိုရုံတင် မကပါဘူး
ဖြေသိမ့်ပေးတဲ့ သဘောလဲပါတယ်
“ခရူး...ခရူး” တဲ့
မရဏမင်းက
နှာမှုတ်သံနဲ့ ငါ့ကိုချော့ပြီ
ခြောက်ခြားထိတ်လန့်စွာ....
ငါ....ကျေးဇူးတင်ပါတယ်
သူ့ကိုမှ ခွင့်လွှတ်နားလည် နိုင်သေးရင်
ကျန်တဲ့သူတွေကို ဘာမှပြောစရာမရှိဘူး မဟုတ်လား…
နဂါးချော့ တေးသွားက
နည်းနည်းတော့ခါးတာပေါ့လေ…။
Template by:
3 comments:
ညအခါ လသာသာ ကစားမလား နားမလား...
ငယ်ငယ်က ဆိုဖူးတဲ့ ကဗျာလေး သွားသတိရတယ်။ သာနေတဲ့လရောင်အောက်မှာ အတွေးတွေနဲ့ပဲ ဝေ့လည်နေတယ်ပေါ့လေ...
လ တစ်စင်းရှိနေတာ ၀မ်းသာစရာပဲဗျာ။ နောက်ဆို အထီးကျန်နေမှာ။
၁၂-ရက်စောင့်ပြီး လာဖတ်ရတဲ့ကဗျာ...
ကမ္ဘာသစ်တဲ့ ကောင်းတာပဲ...
အားပေးပါတယ် အားတဲ့အခါရေးပေါ့...
Post a Comment