မမ အတွေးတွေက ဗလာဖြစ်ပေလို့သာပဲနော်.... ကဗျာကောင်းလေးတွေထွက်လာလိုက်တာ.... :)
နဂါးချော့တေး
ကလူ ..... ကလူ လို့
ငါ့ကိုဘယ်သူချော့ရဲသလဲ
တကယ်တော့ ချော့တယ်ဆိုတာ
ပျော့ပြောင်းစေလိုရုံတင် မကပါဘူး
ဖြေသိမ့်ပေးတဲ့ သဘောလဲပါတယ်
“ခရူး...ခရူး” တဲ့
မရဏမင်းက
နှာမှုတ်သံနဲ့ ငါ့ကိုချော့ပြီ
ခြောက်ခြားထိတ်လန့်စွာ....
ငါ....ကျေးဇူးတင်ပါတယ်
သူ့ကိုမှ ခွင့်လွှတ်နားလည် နိုင်သေးရင်
ကျန်တဲ့သူတွေကို ဘာမှပြောစရာမရှိဘူး မဟုတ်လား…
နဂါးချော့ တေးသွားက
နည်းနည်းတော့ခါးတာပေါ့လေ…။
Template by:
1 comments:
မမ
အတွေးတွေက ဗလာဖြစ်ပေလို့သာပဲနော်.... ကဗျာကောင်းလေးတွေထွက်လာလိုက်တာ.... :)
Post a Comment